သမီးလေးရဲ့ ရင်ထဲမှမထွက်လာသောစကားတခွန်း

Tuesday, December 27, 2011

မေမေ
ဒီနေ့ကျောင်းမှာ
သမီးကိုယ့်နာမည်ကို
ပေါင်းတတ်သွားပြီ
ဆရာမက မေမေ့နာမည်ရေးပါတဲ့
စာရွက်ဗလာကို ငေးကြည့်ရင်း
မျက်ရည်ကျလာတယ်
မေမေ့နာမည်မှ
သမီးမသိဘဲ မေမေရယ်

ဖေဖေ
လမ်းထိပ်က သူငယ်ချင်းကို
သူ့အဖေက
စက်ဘီးစီးသင်ပေးနေတယ်
သမီးလေ အရမ်းစီးချင်လို့
သူငယ်ချင်းကို ပူဆာမိပါတယ်
သူကနင့်အဖေကို ဝယ်ခိုင်းပါလားတဲ့
သမီးလည်း ဘယ်ရမလည်း
ပြန်ပြောခဲ့တာပေါ့
သမီးဖေဖေက အဝေးကြီးမှာ
အလုပ်သွားလုပ်တာလို့
ပြန်လာရင် ကားကြီးပါလာမှာ
နင့်ကိုပေးမစီးဘူးလို့
ဖေဖေ လာခေါ်မယ်မှတ်လားဟင်
မြန်မြန်လာပါနော် ဖေဖေနော်

မေမေ
ဒီနေ့ကျောင်းမှာ
သမီးကို လူရည်ချွန်ရွေးတယ်
ဒါပေမဲ့ အုပ်ထိန်းသူပါမှ
ခရီးထွက်ရမယ်တဲ့
သူငယ်ချင်းတွေနဲ့ထွက်သွားတဲ့
ကျောင်းကားကြီးကိုကြည့်ပြီး
သမီးပြုံးလိုက်တယ်
သမီးမငိုပါဘူး မေမေရယ်
မေမေမပါဘဲလည်း သမီးမသွားချင်ပါဘူး
သမီးကို မေမေပြန်လာခေါ်တဲ့အခါကြမှ
တူတူခရီးသွားကြမယ်နော်

ဖေဖေ
ဒီနေ့ဆရာမက
တိုင်းပြည်အတွက် အသက်ပေးသွားတဲ့
အာဇာနည်တွေအကြောင်း ပြောပြတယ်
စစ်သားဝတ်စုံနဲ့
ခန့်ခန့်ညားညားဖေဖေ့ကို
သမီးမြင်ယောင်ကြည့်တယ်
ဖေဖေကဘယ်လိုလူမျိုးလည်းဟင်
အို ဘာပဲဖြစ်ဖြစ် သမီးဖေဖေ့ကို
ချစ်မှာပါပဲ

မေမေ
သမီးဒီနေ့
နေမကောင်းဘူး အားရော့ပြီး
နားထဲကလေတွေထွက်နေတယ်
ဆရာမကတော့သိပ်စိတ်မပူပါနဲ့တဲ့
အရင်ကရောဂါပြန်ထတာတဲ့
ခုခံအားကျဆင်းမှုရောဂါဆိုလား ဘာလား
ပြန်မကောင်းခင်အထိ
သမီးကျောင်းမတက်ရဘူးတဲ့
သမီးစာမေးပွဲတွေကျမှာကြောက်တယ်ေ
မမေရယ်
သမီးပညာတတ်ကြီးဖြစ်မှ
မေမေနဲ့ဖေဖေတို့ကို
လိုက်ရှာနိုင်မှာလေ

ဖေဖေရေ
အခုလေ သမီးနားမှာ
လူတွေအများကြီးပဲ
ဆရာဝန်မလေးတွေနဲ့သမီးဆရာမနဲ့
ကျောင်းကသူငယ်ချင်းအချို့လည်းပါ
တယ်
သူတို့ကသမီးကိုလာကြည့်ပြီး
သမီးကို ပန်းချီပုံလှလှလေး လာပေးတယ်လေ
သမီးရယ် မေမေရယ် ဖေဖေရယ်
အတူတူ လက်တွဲထားတဲ့ပုံလေး
သမီးဝမ်းသာလွန်းလို့
မျက်ရည်တောင်ကျတယ်
ဖေဖေ မြင်ရင်အရမ်းသဘောကျမှာသိလား

မေမေ
သမီးသူငယ်ချင်းက
တိုးတိုးလေးကပ်ပြောတယ်
သမီးက သေတော့မှာတဲ့
သမီးကဘာလို့သေရမှာလဲ
ငယ်ငယ်လေးရှိသေးတာ
မေမေ သူပြောတာမယုံနဲ့နော်
သမီးနေကောင်းသွားရင် မြန်မာပြည်အနှံ့
မေမေ့ကိုလိုက်ရှာမယ်နော်

ဖေဖေ
ဒီနေ့ထူးဆန်းတယ်
သမီးအနားမှာ အားလုံးက
ဝမ်းနည်းတဲ့ မျက်လုံးတွေနဲ့
သမီးကိုကြည့်နေကြတယ်
ဆရာမက သမီးလက်ထဲကို
သမီးမွေးစာရင်းလာထည့်ပေးသွားတယ်
မအားတဲ့ကြားက သမီးဇာတိကိုသွားစုံစမ်းပေးခဲ့တယ်တဲ့
ကျေးဇူးတင်လိုက်တာ ဆရာမရယ်

ဟင် ခေါင်းထဲမှာ မိုက်ခနဲ
နားထဲမှာလည်း အသံတွေ ဝူးတူးဝါးတားနဲ့
အားအရမ်းပျော့လာသလိုပဲ
မဖြစ်ဘူး ဖေဖေ့နာမည်ရအောင်ဖတ်မှ
သမီးမအောင့်နိုင်တော့ဘူး
……..
…………
……………
သမီးအရမ်းမောတယ်
အသက်ရှူရတာအရမ်းခက်… တယ်
မေမေ ဖေဖေ…
သမီးနေကောင်း…သွားရင်
လာရှာမယ်နော်… နော်
စောင့်…စောင့် နေနော်
……………….



( မိဘနှစ်ဦးက စွန့်ပစ်ခံခဲ့ရတဲ့
AIDS ရောဂါသည် ကလေးမလေး တစ်ယောက်နေရာမှာ ခံစားရေးဖွဲ့ထားတာပါ
ကဗျာဆိုတာထက် ဒိုင်ယာရီတစ်ခုလိုမျိုး ရေးဖွဲ့ထားတာပါ။ တစ်ခါတစ်လေ မိဘတွေက
သားသမီးတွေကို မွေးဖွားသင့်မဖွားသင့် ဆုံးဖြတ်နိုင်ပေမယ့်
သားသမီးတွေကတော့ မိဘကိုရွေးချယ်ခွင့်မရှိခဲ့တာကို သတိပြုမိပါကြောင်း)

2011 updated international songs

Sunday, December 18, 2011

 
http://www.youtube.com/watch?v=rhXopp1YgbA  ( ဒီlinkလေးကနေတစ်ဆင့် SNSD(So Nyi Shi Dae Or Girl's generationရဲ့ သီချင်း(The boys English version) ကိုနားဆင်နိုင်ပါတယ်
 http://www.youtube.com/watch?v=VT1-sitWRtY&ob=av2e    ( Avril Lavigne-Wish you were here , updated on sep 8,2011)
 http://www.youtube.com/watch?v=uxXj1_fhDSQ&ob=av2e  (Charice-one day, Charice ကတော့အသက်၁၈နှစ်ပဲရှိသေးတဲ့ ဖိလစ်ပိုင်နိုင်ကtalented အဆိုတော်တစ်ဦးဖြစ်ပါတယ်, updated on July28,2011) 
 http://www.youtube.com/watch?v=NOqF-WevfUw  (Charice-Louder, updated on OCT19.2011)
  http://www.youtube.com/watch?v=2Hibb0BIgMk&ob=av2e  (Cody simpson: ကတော့ အသက် 14 နှစ်သာရှိသေးတဲ့ talented star တစ်ဦးဖြစ်ပါတယ်,Song updated on OCT11,2011)
 http://www.youtube.com/watch?v=XBOVxWJgw8Q  (Cody simspn:Angel,updated on DEC16,2011)
  http://www.youtube.com/watch?v=QM6M-5Oe7Mc  (Cody simpson-crazy but true,updated on SEP24,2011)
  http://www.youtube.com/watch?v=F-zDy7j7NVw (Cody simpson-On my mind,updated on Jun17,2011)
  http://www.youtube.com/watch?v=LUjn3RpkcKY&ob=av2e  (Justin Beiber-Mistletoe ကတော့ Chirstmas သီချင်းဖြစ်ပါတယ် , updated on OCT18,2011)
  http://www.youtube.com/watch?v=r6TwzSGYycM (Super junior-Mr.Simple,updated on August3,2011)
  http://www.youtube.com/watch?v=j7_lSP8Vc3o&feature=related (2NE1-I am the best , updated on Jun 27,2011)
http://www.youtube.com/watch?v=NGe0hHvAGkc&ob=av2e  (2NE1-Ugly,updated on July27.2011)
  http://www.youtube.com/watch?v=f1cZ2uzxCjI&feature=relmfu (Boyfriend-Don't touch my girl,updated on OCT 5,2011)
 http://www.youtube.com/watch?v=zd5GGvWWnzU&feature=relmfu (Boyfriend-boyfriend,updated on May25,2011) 
♫♪♫♪Enjoy!!! ♫♫♪♫♪

 

လူ့အဖွဲ့ အစည်းထဲက့လွဲချော်မှုတွေအကြောင်း

Thursday, November 3, 2011

ရေးလက်စ..
သမိုင်းစာအုပ်ထဲမှာ...
အမှန်တရား တစ်ချို့ရဲ့ ညည်းတွားသံကို
ကြားလိုက်ရသလိုပဲ..။

”ခက်တယ်..
လူ့ဘ၀ကြီးကလည်း လူပီသဖို့..
ခက်လိုက်တာ.”

ဖတ်လက်စ..
လူ့ အဖွဲ့အစည်းရဲ့
စာမျက်နှာကို ဖွင့်လိုက်တယ်..
လူအဖွဲ့ အစည်းကလည်း.
အားလုံး အလွဲလွဲ အချော်ချော်တွေပါလား..။

ကလေးတွေးကလည်း..
ကလေးမဆန်တော့ဘူး...
ပျှော်ရွှင်မှုတွေ ရောင်းဝယ်နေလိုက်ကြတာ...
ဆာလောင်မှုတွေ ရောင်းဝယ်နေလိုက်ကြတာ...
အိမ်မက်တွေ ရောင်းဝယ်နေလိုက် ကြတာ....
မနက်ဖန်တွေကို ရောင်းဝယ်နေလိုက် ကြတာ..
ကိုယ့်ကျင့်တရားတွေကို ရောင်းဝယ်နေလိုက် ကြတာ..
တကယ့်...လူကြီးတွေလိုပါလား.....။

လူကြီးတွေကလည်း..
လူကြီးမဆန်တော့ဘူး...
ကာအိုကေဆိုင်မှာ.
သီချင်းတွေအော်ဆိုနေလိုက်ကြတာ..
ကလပ်ထည်းမှာ ခုန်ပေါက်နေလိုက်ကြတာ..
ဘောလုံးပွဲ မှာအော်ဟစ်နေလိုက်ကြတာ..
တကယ့်...
ကလေးတွေလိုပဲ....။


တကယ်ပါပဲ
လူ့အဖွဲ့အစည်းရဲ့ လွဲချော်ပုံတွေတွေးတိုင်း
.......
ရေးလက်စ သမိုင်းစာအုပ်ထဲက
ညည်းတွားသံတွေ ကြားကြားနေတယ်.။
                                        ထာဝရစာပေချစ်သူများမြို့တော်ရဲံအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့မင်းသူအောင်ရေးသားထားခြင်းဖြစ်ပါတယ်

နှုတ်ဆက်ခြင်း

ခိုကိုးမှုတစ်နေရာစာတွက်
စမ်းတ၀ါးဝါးလျှောက်လှမ်းနေတဲ့ခြေလှမ်းများ၊
မျက်နှာငယ်နေတဲ့ထောင်သောင်းမကသော မိနစ်စက္ကန့်များ၊
လူကြုံထည့်လို့မရတဲ့ယုံကြည်ချက်များ၊
သေးသေးကွဲကွဲ အနေထိုင်ကျုံ့နေတဲ့ အမှန်တရားများ၊
သွေးတုနဲ့ပြုလုပ်ထားတဲ့ ကတိသစ္စတရားများ၊
ဒါတွေ..ဒါတွေအားလုံးဟာ..
ဘုရားသခင်အလိုတော်တိုင်းပဲလား..
ဘာလို့လဲသူငယ်ချင်းရေ…
မနက်ဖြန်သူရဲကောင်းဖြစ်မည့်သူတွေဟာလည်း
ဒီနေ့ ကြိုးစင်ပေါ်မှာရှိနေနိုင်တာပဲမလား။
ငါခံယူထားတဲ့မေတ္တာတရားလည်း
ငါ့ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်ဖြစ်နေဆဲပဲမလား…
မင်းယုံနိုင်မလားတော့မသိ
လွတ်မြောက်ရေးကြွေးကြော်သံတွေ က
မသိနားမလည်မှုရဲ့သားကောင်တွေအဖြစ်
လမ်းခုလတ်မှာကျဆုံးနေကြရတယ်..
လှိုင်လှိုင်သုံးနေကြတဲ့ စေတနာ ဟာလည်း
တဟုန်းဟုန်း တောက်လောင်နေတဲ့ အတ္တရဲ့
စတေးခံလောင်စာပဲဖြစ်နေရတယ်..
ပြန်ဆုံကြတာပေါ့သူငယ်ချင်းရေ..
မင်းနဲ့ငါ စစ်မှန်တဲ့ ခင်မင်မှုနဲ့ပွေ့ဖက်နိုင်မယ့်တချိန်မှာ၊
မေတ္တာတရားဟာ `မတ္တောတရား`ပါလို့ ကိုယ်ထင်ပြလာမည့်တချိန်မှာ၊
ရိုးရှင်းမှုဟာ `အလှတရား ` ရဲ့ အခြေခံသဘောတရားလို့လူတွေပြောလာကြတဲ့အခါ
ငါတို့ ကလေးသူငယ်တွေလို ရယ်ဖြစ်ဖို့ ပြန်ဆုံကြတာပေါ့….

ဝတ္ထုများ

ဝတ္ထုများ(အမျိုးသားစာရေးဆရာများ)
ဝတ္ထုများ (အမျိုးသမီးစာရေးဆရာများ)

မနှဲလေးလို.... နှလုံးသား

  
                       မနှဲလေးဝင်နေတယ်.... ဘေးအိမ်မှာ..... အသက်(၅၀)လာက် မိန်းမကြီးက ကြက်ဥပြုတ်လေး(၂)လုံးကို လက်ပေါ်တင်
ပဆစ်တုပ်ထိုင်ပြီး မပီကလာ ပီကလာနဲ့ ကလေးတစ်ယောက်လိုပြောနေတာ. နားထောင်ရင်းနဲ့ ရယ်ချင်လာတယ်၊  သူ့  ယုံကြည်ချက်နဲ့သူ
ဆိုပေမဲ့ အတွေးသမားဆိုတော့....  မနှဲလေး    အကြောင်း စဉ်းစားမိပြန်ရော.......   အင်းဝခေတ်လား  ဘာလား သေချာလဲ မသိပါဘူး...
အင်း.....ရှိရင် သူလဲ အသက်ထောင်ကျော်ကြီး စကားတော့ပီသင့်တယ်လို့........... ပြောသာ ပြောရတာ နှလုံးသားလေးကလဲ.....။
                         ချစ်သူကို ခွဲခွါလာခဲ့တာ....... မနေ့ကလဲမဟုတ်၊ တစ်နေ့ကလဲ မဟုတ်..... ဘာမှမဟုတ်တဲ့ အကြောင်းနဲ့၊ မသေချာတဲ့
အကြောင်ပြချက်နဲ့ပေါ့...... ရှင်းတောင် ရှင်းမပြဖြစ်ခဲ့ဘူး၊ ကိုယ်တိုင်  သိနေခဲ့တာက  ကျွန်တော့်ကို  ချစ်မိလို့ သူ... စိတ်ဆင်းရဲခဲ့ရတယ်...
သူ့အိမ်က လုံးဝသဘောမတူဘူး၊ ဟုတ်ပါတယ်...  သားသမီးရင်သွေးဆိုတာက မိဘတွေအတွက်တော့  အပြင်ကိုရောက်နေတဲ့ နှလုံးသား
လေးလေ.... ရင်ထဲက နှလုံးသားထက်ကို မြတ်နိုးနေကြသေးတယ်..... ဆင်းရဲ ပင်ပန်းတာကိုတော့...... ဘယ်မြင်ချင်မလဲ။ နောက်ပြီး....
တတ်နိုင်သလောက်တော့ ဒီအဖြစ်တွေကို တားဆီးကြမှာပါ။  နောက်တစ်ချက်က ကျွန်တော် ကိုယ်တိုင် အသိပါပဲ အတူတူနေဖြစ်ခဲ့ရင် သူ.
ပင်ပန်းဆင်းရဲမယ်လို့လေ.......
                          အဆုံးမှာတော့ အပြစ်မရှိတဲ့ နှလုံးသားလေးကိုစတေးခဲ့တယ်ဆိုပါတော့.. ဘာဆိုဘာမှ မပြောဘဲ သူစိမ်းတစ်ယောက်
ဒါမှ မဟုတ်ရင်လဲ မစာနာတတ်တဲ့သူ အဖြစ်၊ ဒီထက်ဆိုးတာက အချစ်ကိုတန်ဖိုးမထားတတ်တဲ့သူအဖြစ်နဲ့ပဲ ခံယူရင်း ခြောက်သွေ့နေတဲ့...
အေးစက်နေတဲ့......... ပူလောင်နေတဲ့၊ စိတ္တဇ ဆန်တဲ့ နေ့တွေကို ဖြတ်သန်းခဲ့တာပါ...... ရင်ထဲမှာ လွမ်းဆွတ်ရင်းနဲ့ပေါ့......။
                          တစ်ခါတစ်ရံ တစ်ယောက်ထဲ အကြာကြီးလဲ ထိုင်နေတတ်ခဲ့တယ်.....တစ်ခါတစ်ရံမှာ ခြေဦးတည့်ရာတွေလဲ လျှောက်
သွားတတ်ခဲ့တယ်၊ အဆိုးဆုံးကတော့ သူ.......... စိတ်နာသွားပြီလားဆိုတဲ့ အတွေး..... နောက်ဆုံးမျှော်လင့်ချက်တစ်ခုကလဲ ရှိနေခဲ့သေး
တယ်......... သူဒီအတိုင်းလေးရှိနေခဲ့ရင်........ လို့၊ အရင်အတိုင်းလေး.......... ချစ်နေခဲ့ရင်လို့.......... ရည်မှန်းချက်ပြည့်စုံတဲ့နေ့ကမဝေး
တော့ဘူးလေ........ ဒီအချိန်အတွက် သာယာတဲ့ မိသားစုဘ၀လေးတစ်ခု ထူထောင်တဲ့ အခါ အိမ်ရှင်မကြီးကိုတော့ သူ့ကိုပဲ ဖြစ်စေချင်တာ
ပါ၊ သူသာလျှင် ကျွန်တော့်ရဲ့ မူလသခင်လေ......
                           သတင်းလေးတစ်ခု ကြားရတယ်.... မျှော်လင့်ခဲ့သလို...... အရင်အတိုင်းပဲတဲ့.. ပျော်လိုက်တာ.... မျှော်လင့်ခြင်းတွေ
အသက်ဝင်လာလိုက်တာများ၊ အရင်လို နုပျိုလန်းဆန်းစေချင်တဲ့ စိတ်ကလေး ဖြစ်လာတယ်၊ အရင်လို ရွှင်လန်းတက်ကြွနေတဲ့ ပုံလေးပြန်
ဖြစ်ချင်တယ်....... ချစ်သူရဲ့ မျက်စိထဲက ရွှေမင်းသားလေးဆိုတဲ့ ဘွဲ့ကိုပဲ ပြန်လိုချင်နေခဲ့တာလေ...... အခု မှန်လဲ ကြည့်ဖြစ်တယ်၊ ဆံပင်
စတိုင်၊ လူပုံသဏ္ဍာန်၊ အ၀တ်အစား အားလုံးကြိတ်ပြီး ရွေးနေမိတယ်.... ချစ်သူ အတွက် မပြောင်းလဲချင်လို့ပါ... ဘာလို့လဲ ဆိုတော့ ကိုလဲ
မပြောင်းလဲခဲ့ဘူးလေ........ တွေ့ဖြစ်ကြရင်လို့ တွေးမိတော့ ရင်တွေခုန်လာတယ်၊ အံ့သြစရာပါပဲ..... ဒီလောက်နှစ်တွေ ကြာလာတာလဲ...
ဘာကြောင့်များ ဒီရင်တွေ  ခုန်နေရသေးတာလဲလို့...... 
                            လိပ်စာလေးတွေလဲ စုံစမ်းထားတယ်၊ မကြာခင်သွားတွေ့မယ်လေ......... သူ့ကို ဘာစကားများ စပြောရမလဲ၊ သူက
ဘာစကားတွေ ပြောမလဲ....... သတိရကြောင်းကို တိုတိုနဲ့ ထိထိမိမိပြောမယ်၊ ပင်ပန်းဆင်းရဲခဲ့တဲ့ အကြောင်းတွေကိုတော့ နောက်များ  စ
ကားစပ်ဖြစ်ရင် ဘာမှ မခံစားခဲ့ရတဲ့ ပုံမျိုးနဲ့ ပြန်ပြောပြမယ်......... နောက်ပြီး ခွဲခွါမိခဲ့တဲ့ အဖြစ်ကလေးအကြောင်းကို သေသေချာချာပြော
ပြမယ်...... စေတနာနဲ့ဆိုတာကိုပေါ့...... အမြဲတမ်းလွမ်းဆွတ်နေခဲ့တာကိုတော့ သိစေချင်လိုက်တာ.........

                             မနှဲလေးဝင်နေတဲ့ မိန်းမကြီးက တဆင့် မနှဲလေးအကြောင်း စဉ်းစားရာကနေ ချစ်သူဆီ စိတ်ရောက်သွားတယ်....
ဆုံတွေ့ဖြစ်တဲ့အခါ ... သူ စိတ်ဆိုးပြီး ထုရင်လဲ ခံတော့မယ်၊ ရိုက်ရင်လဲ ခံတော့မယ်..... လို့။    မနှဲလေးမှာရော နူးညံ့တဲ့ ချစ်ခြင်းတွေ ရှိခဲ့
လားဆိုတော့ မဖြစ်နိုင်ဘူးဗျ။  သူက ပုခက်ထဲကနေ ကြောင်ကိုက်လိုက်တာလို့ ပြောတာ ကြားဖူးတယ်.....ဒီလောက် နှစ်တွေကြာလာတာ
တောင်မှ မနှဲလေးက စကားမပီသေးဘူး၊ ကျွန်တော် နှလုံးသားလေးလဲ  အခုထိစကားမပီသေးတာကိုတော့  မနှဲလေးကို အပြစ်တင်သလို
မတင်တော့ပါဘူး..........   နှလုံးသားလေးက  နူးညံ့တယ်လေ.......  သေဆုံးခြင်းမရှိတဲ့  အပြင် နှစ်ပေါင်းထောင်ကျော်အောင် လဲ မကြာ
သေးတော့.... အပြစ်တင်လို့ မရဘူးပေါ့.....။   ဒါဆိုရင်....... နှစ်ပေါင်းထောင်ကျော်ကြာရင်ရော  ဒီလိုပဲ နူးညံ့နေဦးမလား၊ ဒီလိုဘဲစကား
မပီနိုင်သေးဘူးဘားလို့......

”အဖေရှိရာ အရပ်သို့”

Saturday, June 18, 2011

     ဟယ်, ဟိုမှာအဖေကြီးပြန်လာပြီတော့.၊အမေကြီးရေ  အဖေကြီးပြန်လာပြီသိလား..”
မိုးမိုးဝမ်းသာအားရအမေ့ဆီကိုပြောရင်း တစ်ချက်ငှဲ့ကြည့်လိုက်သည်..။အမေ့ရဲ့မျက်လုံးတွေကခါတိုင်းတွေထက်ပိုပြီးတော့ တောက်ပနေတာကို မိုး သတိထားမိသည်.. မိုးလည်းဝမ်းသာအားရ တိုက်အောက်ထပ်ကိုဆင်းပြီး အားရ၀မ်းသာနဲ့လှေကားထစ်တွေပေါ်ကိုပေါ့ပါးစွာပြေးတက်ခဲ့သည်..
              အဖေဘာလို့အဲ့ဒီ့လောက်အကြာကြီး အလုပ်သွားလုပ်နေတာလဲဟင်
ဟုတ် မိုးမေးမိသည်..
ငါ့သမီးအတွက် အလုပ်သွား ကြိုးစားလုပ်တာပါကွာ
လို့သာ အဖေကပြောသည်.. သမီးရောနေကောင်းရဲ့လား.. ကျန်းမာရေး ဂရုစိုက်၊စာလည်းကြိုးစားနော်. စတဲ့စကားတွေကို သာအဖေပြောတာကလွဲလို့..အဖေကအဖေ့ရဲ့အလုပ်အကြောင်းတစ်ခွန်းမှမဟပေ..။အဖေပထမဦးဆုံး..အလုပ်သွားမယ်ဟုဆိုပြီးတော့အ၀တ်အစားတွေ လိုအပ်တာလေးတွေထည့်နေတဲ့အချိန်မှာ..မိုးကအဖေ ဘယ်သွားမလို့လဲဟင်လို့မေးလိုက်တဲ့အခါတိုင်း  အမေရောအဖေကပါအလုပ်လုပ်ဖို့အတွက် ပါသမီးရယ်လို့သာဖြေသည်..
              အဖေအလုပ်သွားလုပ်နေတဲ့ချိန်အဖေ့ကိုတစ်ချက်တစ်ချက် သတိရတိုင်း မိုး  အမေ့ကို
အဖေ့အလုပ်ကဘာလဲဟင်လို့မေးလိုက်တိုင်းအမေကအမြဲတမ်းပြုံးရ်ျသာနေသည်..
        ဒါနဲ့ပဲ မိုးတို့သားအဖေ အိမ်အပေါ်ထပ် ရောက်သွားတော့အဖေကပါလာတဲ့အ၀တ်အစားထုပ်တွေ လျှော်ရမယ့် အ၀တ်အစားတွေ.. လက်ဆောင်တွေ မုန့်ထုပ်တွေကို..နေကျတကျထားရမယ့်နေရာတွေမှာ ပြန်ထားပြီးတော့အမေ့အတွက်လုံချည်စအသစ်ကလေးတွေပေးသည်..။နောက် အဖေက မိုးအတွက် ချောကလက် ဘူးကြီးနှစ်ဘူးပေးသည်..သမီး မှာထားတာလေဟုတ် အဖေက မိုးကို ပေးရင်းပြောသည်..
                    အဖေပထမဦးဆုံး အလုပ်စလုပ်ဖို့ဆိုပြီး အိမ်ကနေထွက်သွားတဲ့နေ့တုန်းက မိုးက
အဖေ မိုးအတွက်ချောကလက်ဘူးကြီးနှစ်ဘူးလောက်ဝယ်ပေးခဲ့နော်
ဟုတ်ပြောခဲ့ရျ အခု အဖေက မိုးအတွ့် ၀ယ်လာခဲ့ခြင်းဖြစ်သည်.. တစ်ကယ်တော့ မိုးအဖေ အိမ်ကနေထွက်သွားတဲ့နေကစပြီးတော့..ချောကလက်ဘူးကိုယောင်လို့တောင်မှ သတိမ၇မိပေ. အဖေ့ကိုသာ မိုး တသသနဲ့ သတိရနေခဲ့ပေသည်.. .ယနေ့ မိုး အဖေ့ကိုတွေ့ရတာပဲ ကျေနပ်လှပေသည်..
                အဖေ အကျီ်လဲဖို့ အခန်းထဲကိုဝင်သွားတော့ အမေကလည်း သန့်ရှင်းရေးတွေကို ကူလုပ်ပေးနေသည်. မိုး အခန်းဝမှာ..အဖေပါ လာတဲ့အရုပ်လေးတွေ..လက်ဆောင်လေးတွေကို ထုတ်ကြည့်ပြီးတော့ အခန်းထဲ ..ကအမေ့အသံကိုကြားလိုက်မိသည်..
ဒါဆို အဖေနောက်တစ်ခေါက်သွားဦးမှာဆိုတော့..ကျန်းမာရေး ဂရုစိုက်နော်.. မိသားစုကို စိတ် မပူနဲ့..။အမေကြီးအဖေကြီးအတွက် စားစရာတွေ ချက်ပြုတ်ပြီးတော့ထည့်ပေးးလိုက်မယ်..အိမ်ကရှင့်သမီး မိုး မိုး ကလည်း ရှင့်ကိုသတိရနေဟန်တူပါတယ်ရှင်..။အလွမ်းပြေလေးတော့ ရက်လောက်နေလိုက်ပါဦး
ဟုတ် အမေ့ပြောသံကို မိုြး့ားတော့ မိုး အသံတိတ်ငိုမိသည်..
ထပ်သွားဦးမှာတဲ့
 မိုးအရှေ့မှာရှိနေတဲ့ အဖေယူလာတဲ့လက်ဆောင်တွေ.. စားစရာတွေ..၊အရုပ်တွေက အခုတော့ အမှောင်တိတိ..။အမေအခန်းထဲကထွက်လာတဲ့အမေ့ ခြေသံကို မိုးကြားတော့ မိုး မျက်ရည်ကိုအမေမသိအောင် မြန်သုတ်ပြီးတော့..
အမေ အဖေ နောက်တစ်ခေါက်သွားဦးမှာပေါ့နော်
ဟု မိုး အမေ့ကိုမေးမိသည်..
ပြန်လာ မှာပါ သမီးရယ်
လို့သာအမေကပြောပြီး မီးဖိုချောင်ထဲကို ချတ်ပြုတ်ဖို့ ၀င်သွားသည်..
            အဖေကတစ်ကယ်လည်း ၄၇က်လောက် မိုးတို့နဲ့ နေသွားခဲ့ပါသည်.. အဖေနေခဲ့တဲံ ၄ရက်မြောက်နေ့ နောက်ဆုံးညတုန်းက အဖေပြောပြခဲ့တဲ့ ပုံပြင်လေးတွေ မိုးငယ်ငယ်တုန်းက အကြောင်းတွေ ပြောပြခဲ့တာကို မိုးတစ်သက်မမေ့ခဲ့
              အဖေထွက်သွားခဲ့တာ ကနေ့ဆိုလျှင် ၄လမြောက်ရှိပြီ ဖြစ်သည်..
အဖေသွားတာ အကြာကြီးပဲနော်..ဘယ်တော့လောက်ပြန်လာမှာလဲ
ဟု မိုး အဖေ့ကိုသတိရတိုင်း ယခု ဓာတ်ပြားဟောင်းကြီးကို ဖွင့်မိသည်..
ပြန်လာမှာပါသမီးရယ်
ဟု ပြန်ပြောသည်.. ကျှူ် သည်မှာလည်း..အမေဖွင့်နေကျ ဓာတ်ပြားဟောင်းကြီးပင်ဖြစ်သည်.. မိုးနဲ့အမေကလည်း ဒီ ဓာတ်ပြားဟောင်းကြီးကို ပင်မရိုးနိုင်အောင်ဖွင့်ကြစမြဲပင်..
                           ဒီနေ့ကို တော့ မိုး လုံးဝကို မမေ့နိုင်ပေ။ ၂၀၀၈ ရဲ့မေလ ၃ရက်နေ့ဟာ မိုး အမုန်းဆုံးနေ့ပင်ဖြစ်သည်.. ထိုနေ့ နေ့လည်တွင်.. မိုးတို့သားအမိ အဖွားအိမ်ကိုသွားလည်ခဲ့ကြသည်.. ထိုနေ့တွင်ပင်.. နာဂစ် မုန်တိုင်းတစ်ခုဖြစ်ပွားခဲ့သည်.. မိုး အလွန်ကြောက်လန့်ရ်ျအော်ငိုခဲ့မိသည်..။မိုး အဖေ့ကိုလည်း စိတ်ပူမိသည်.. အဖေတစ်ကယ်လို့ အိမ်ပြန်လာရင် ဘယ်လိုလုပ်မလဲ..။အိမ်တံခါးပိတ်ထားကို တွေ့သွားပြီးတော့ မိုးတို့ကိုများ..စိတ်ပူနေမလား.. ဒါမှာမဟုတ် အဖေလမ်းမှာများ..တစ်ခုခုဖြစ်နေမလား..။အတွေးပေါင်းစုံနှင့်..မိုး အားငယ် စိတ်ပူမိသည်..
             သို့ပေမယ့် ထိုနေ့အပြီး နောက်တစ်နေ့တွင် အဖေသည်..မိုးတိှု့ရှိရာကိုရောက်လာပါသည်..။ရောက်လာပြီးတော့ အဖေသည်မိုးတို့မိသားစုကို ဟော်တယ်ကိုခေါ်သွားပြီးတော့ ၅လလောက် နေခဲ့သည်.။ထို့နေ့များတွင် မိုးအလွန်ပျော်ရွှင်ခဲ့သည်..။အဖေ့ မေတ္တာ ဂရုဏာ တွေကိုလည်း လိုအပ်တာထက်ပိုပြီး ရရှိခဲ့ပြီးတော့ မိုးလိုအင်ဆန္ဒတွေလည်း ပြည့်ဝခဲ့သည်..
                   မိုးထင်ခဲ့တာကတော့ မိုး အဖေနဲ့တစ်သက်လုံးယခုလို နေသွားခဲ့ရမယ်ထင်ခဲ့သည်..။ဒါပေမယ့် လဆိုတဲ့အချိန်ကာလထက်များတဲ့ အချိန်တွေ မှာ မိုး အဖေနဲ့ရေခြားမြေခြားနေရလိမ့်မယ်လို့ မိုးလုံးဝမထင်ခဲ့ပေ..
                          အောက်တိုဘာလ၁၀ရက်နေ့သည်..မိုးအတွက်တော့ ၀မ်းအနည်းရဆုံးနေ့ တစ်နေ့ ဖြစ်ပေသည်.. ထိုနေ့တွင် အဖေသည် မိုးနဲ့နှစ်ရှည်ကြာအောင် ခွဲသွားတော့မယ်ဆိုတာလည်း မိုးလုံးဝ မသိခဲ့ချေ.. မိုး အဖေ့ကို လေဆိပ် အထိ လိုက်ပို့ပြီးတော့..အဖေနှင့် မိုး ရေခြား မြေခြား သွားခဲ့ပြီဆိုတာ မိုးလုံးဝသတိမထားခဲ့ချေ..
               ဒီလို နဲ့ မိုး အသက် ၂၂ နှစ်  အဖေ ရေခြားမြေခြား ရောက်သွားတာ ၁၂ နှစ်ပြည့်တဲ့ အချိန်မှာ မိုးကို အမေက မိုးအသိချင်ဆုံးကိစ္စတစ်ခုကို.. ပြောပြခဲ့သည်..။အကြောင်းမှာ မိုးအဖေရဲ့အလုပ်အကြောင်းပင်ဖြစ်သည်.. အဖေသည်.အစိုးရမဟုတ်သောအဖွဲံအစည်း..NGO  တစ်ခုတွင် အလုပ်လုပ်နေကြောင်းး.. အစိုးရကိုဆန့်ကျင်သော အဖွဲံအစည်.းတစ်ခု ပြည့်သူ့ အသိ အဖွဲံအစည်းတစ်ခုတွင် အလုပ်လုပ်နေကြောင်း သို့သော် မကောင်းသောအလုပ်မဟုတ်ကြောင်း မိုး သိခဲ့ရသည်.. တစ်ကယ်တော့ အဖေသည်..။စာသမား၊ပေသမား၊ အေးအေးဆေးဆေး နေချင်သူတစ်ယောက်ဖြစ်ပေသည်.. သို့သော်လည်း အဖေ့ သူငယ်ချင်းတစ်ချို့မှာ.. ထိုကဲ့သို့ အဖွဲ့အစည်း မျိုးတွင် အလုပ်လုပ်နေကြသည်..။မိုး အမြင်တော့..အဖေသည်..အဖေ့သူငယ်ချင်းတစ်ယောက်ကလှမ်း အဆက်အသွယ်..လုပ်ရင်းနှင့် အဖေသည်..အလုပ်လုပ်ဖြစ်သွားဟန်ပင်..
                        ဒီိလို နဲ့ အချိန်တွေကြာလာပြီးတော့ မိုးတို့သားအမိကော မိုးပါ အဖေ့ကိုအရင်တုန်းက လိုနေ့တိုင်းလိုလိုတော့ သတိမရဖြစ်တော့ပေ.. သို့ပေမယ့်လည်း တိုက်ဆိုင်မှုတစ်ခုခုတွေဖြစ်မိရင်တော့ အဖေ့ကိုသတိရဖြစ်မိကြသည်..။မိုးတို့က အဖေနှင့် အဆက်အသွယ်လုံးဝပြတ်နေတာကြီးတော့လည်း မဟုတ်ပေ.. အဖေက မိုးတို့ကိုသတိရလျှင် လည်းဆက်သည်..။တစ်ခါတစ်လေ မိုးတို့သားအမိနှင့်လည်း အင်တာနက် ပေါ်မှာစကားပြောဖြစ်သေး၇်ျ တစ်ခြားသော သားအမိတွေလိုတော့ အဆက်အသွယ်လုံးဝမရတာမျိုးတော့လည်းမဟုတ်ပေ..
         တစ်နေ့..အဖေ မိုးတို့သားအမိဆီကိုဖုန်းဆက်လာသည်..။မိုးဘ၀ရဲ့ အပျော်ရွှင်ဆုံးနေ့ကို ပြပါဆိုလျှင် ထိုနေ့ကိုညွှန်ပြပေလိမ့်မည်ဖြစ်သည်.. ထိုနေ့တွင် အဖေက မိုးတို့သားအမိကို အဖေရှိရာ အရပ်သို့ခေါ်ဆောင် ရန်ပြောခဲ့ခြင်းဖြစ်သည်.. မိုးရဲ့ပညာရေး ကောင်းသထက်ကောင်းအောင်ရယ် မိသားစုစည်းစည်းလုံးလုံး နဲ့နေရအောင်ရယ်ဆိုတဲ့အကြောင်းတွေကြောင့်..အဖေသည်..မိုးတို့သားအမိကိုခေါ်ဆောင်ရန် အဖေနဲ့အမေတို့ passport ကိစ္စတွေ..ငွေအလွှဲအပြောင်းကိစ္စတွေ နဲ့လုံးပန်းပန်း၇ပေတော့သည်..
        နောက်ဆုံးတော့လည်း မိုးတို့အဖေ့ဆီကိုသွားရန် အသင့်ဖြစ်နေပေသည်..။မိုးလည်းအဖေရှိသောနေရာတွင်ကျောင်းတက်ရန်အတွက် ပြင်ဆင်ရပေသည်.။အမေသည်လည်..ထုပ်ပိုးစရာရှိတာတွေကို ထုပ်ပိုးပြီးတော့ မိုးတို့သားအမိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြိးမှ တစ်ဆင့် အဖေ့ဆီသို့ သွားခဲ့ကြသည်..
                     နှစ်ရှည်ကြာမတွေ့ခဲ့ရသောအဖေ့ကို မိုးပြန်လည်..တွေ့ရတော့မည်ဖြစ်သဖြင့်..မိုးအလွန်ပင်ပျော်ရွှင် ၀မ်းသာမိပေသည်..။အဖေ့ရဲ့ မေတ္တာ၊စေတနာ၊ဂရုဏာတွေ ကိုဆာလောင်မွတ်သိပ်ခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ..။အခုတော့ မိုးသည်..အဖေရှိရာအရပ်သို့ လျှောက်လမ်းရင်း…………….. 
                                                                                        အကြင်နာမိုး..


 
◄Design by Pocket